ပုံပါကျင် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများ ရရှိရန်ရည်ရွယ်၍ ဒေါက်တာမတင်၀င်းရေးသားသည့် ''ပျော်ရွှင်အောင်မြင်လုပ်ငန်းခွင်မှာ'' စာအုပ်ကို ယနေ့နံနက် (၁၀) နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ (Book Club) ဥက္ကဋ္ဌ၊ ဦးထွန်းထွန်းလင်းက "ပျော်ရွှင်တတ်မှ အမြတ်ရနိုင်မည့်လုပ်ငန်းခွင်" ခေါင်းစဉ်ကို ဦးစွာဖတ်ကြားဆွေးနွေးခဲ့ပြီး (Book Club) အဖွဲ့ဝင် များနှင့် (Youth Club) အဖွဲ့၀င်များက "မိမိအလုပ်ကို ပိုမိုနှစ်ခြိုက်လာပါစေ"၊ "လုပ်ငန်းခွင်တွင် မိမိထက်ငယ်သောညီငယ်၊ နှမငယ်များအတွက်စံပြဖြစ်ပါစေ" စသည့် ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ခေတ်လူငယ်များအတွက် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်၊ စာအုပ်စာပေဝါသနာရှင်များ စုစည်း၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းကို ဖွဲ့စည်းကာ စာဖတ်ဝိုင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိအိဖြိုး (ပုံပါကျင်၊ ပြန်/ဆက်)