ကျိုက်မရော ဒီဇင်ဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က.(မူလွန်) အောင်သုခကျောင်း၌ ပြုလုပ်ခဲ့သည်။
ဦးစွာ အ.မ.က(မူလွန်) အောင်သုခကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ့်ထွေးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် နံရံကပ်စာစောင်ပြသရခြင်း၏ ရည်ရွယ်ချက်များကို အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဝန်ထမ်းများက လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်သော အသိပညာပေးနံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ၌ တိုင်းပြည်နှင့် လူမျိုးကို ချစ်သော သမိုင်းဝင် ပုဂ္ဂိုလ်များ၏ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်မှု သမိုင်းမှတ်တမ်း ဓာတ်ပုံများကို ပြသပေးရာ အ မ.က မူလွန်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား များက စိတ်ပါဝင်စားစွာ ကြည့်ရူမှတ်သားခဲ့ကြသည်။
မြို့နယ်(ပြန်/ ဆက်)