ဗန်းမော် ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သယံဇာတနှင့်သဘာဝပတ်ထိန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများ (Clean and Green Schools) အကောင်အထည်ဖော်ဆောင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများဆု ပါဝင်ယှဥ်ပြိုင်မည့် အ.ထ.က(၁)ကျောင်း၊ အ.ထ.က(မံစီ)ကျောင်း၊ အ.လ.က(ခွဲ) ဝက်ကုန်းကျောင်း၊ မူလတန်းလွန်(မံပုံ)ကျောင်း တို့အား ပံ့ပိုးငွေကျပ်အဖြစ် တစ်ကျောင်းလျှင် (၂၅)သိန်းစီ အသီးသီးပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျောင်းအုပ်ဆရာ/ဆရာမကြီးများက လက်ခံရယူခဲ့သည်။
ယင်းနောက် ပါဝင်ယှဥ်ပြိုင်မည့် ကျောင်းများကိုယ်စား အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်