ချောင်းဆုံ ဒီဇင်ဘာ ၁၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်၍ ဗလငါးတန်နှင့်ပြည့်စုံလာစေရေးနှင့် အသိပညာတိုးပွားလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်(၁၀)နာရီက နှီးမုတ် (အ.လ.က) ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်၍ လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် “လူငယ်စကားဝိုင်း” ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့် ကျောင်းအုပ်ဆရာကြီး ဦးမင်းချိုလေးမောင်တို့မှ ဦးဆောင်ဆွေးနွေးသူများအဖြင့် ဆောင်ရွက်ကာ ကျောင်းသားလူငယ်များအတွက် အရေးပါသည့် ပညာရေး၊ အားကစား၊ ယဉ်ကျေးမှု တန်ဖိုး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် ပေါင်းသင်းဆက်ဆံရေးစသည့် ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသည့် ကျောင်းသား/သူများ သိရှိလိုသည်များ ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)