သတင်းများ

မိုင်းပန်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပ
Dec 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာမူလတန်းလွန်ကျောင်း(နောင်ပါမွန်)နှင့် အခြေခံပညာမူလတန်းကျောင်း(နားလော)ကျောင်း၌ လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်တွင် မီးဘေးအန္တရာယ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ၍ လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 15,2023
ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၈)နာရီအချိန်တွင် ဘိုကလေးမြို့နယ်အတွင်းရှိ လူစည်ကားရာအရပ် များ၌ မီးဘေးအန္တရာယ် အသိပညာပေးဆိုင်းဘုတ် စိုက်ထူ၍ သွားလာလှုပ်ရှားမှုပြုကြသည့် ပြည်သူများအား မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ရှမ်းပြည်နယ် မိုးနဲမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ မြို့နယ်ပညာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က Community Center ခန်းမနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် ပိုက်ဆံလျှော်မျိုးစေ့ သီးသန့်စိုက်ဧကများအတွက် ထွန်ယက်ခထောက်ပံ့ပေးအပ်
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၁)နာရီ အချိန်၌ မြို့နယ်အတွင်းရှိ ပိုက်ဆံလျှော်မျိုးစေ့ သီးသန့် စိုက်ဧက(၂၅၀)အတွက် ထွန်ယက်ခထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်းရှိ နေရပ်ပြန် ပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်ရေး အိမ်မွေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်
Dec 15,2023
ကချင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရေး အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်နှင့် ဆိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပလန ကျေးရွာအုပ်စု၊ ပလန-၃ အင်ကြင်းမြိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ငရုတ်ကောင်းမြို့တွင် ဆီထွက်သီးနှံနေကြာနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ခင်းတွင် စိုက်ပျိုးခြင်း‌ဆောင်ရွက်
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကျွေချိုင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်ငွေ၏လယ်မြေ ကွင်းအမှတ် (၁၉၅၂) ဦးပိုင် အမှတ် (၅/၂)နှင့် နံ့သာပုကျေးရွာအုပ်စုရှိ‌ တောင်သူဦးအိုက်စံ၏ လယ်မြေ ကွင်းအမှတ်(၁၉၅၃) ဦးပိုင်အမှတ်(၂၉/၁)တို့တွင် ဆီထွက် သီးနှံနေကြာ နှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ချစိုက်ပျိုးကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာစီးပွားရေးတက္ကသိုလ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ အခမ်းအနားကျင်းပ
Dec 15,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစီးပွားရေးတက္ကသိုလ်၌ (၇၆) လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် အဆောင် (၇) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပင်လုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Dec 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲကို ပင်လုံမြို့ အ.ထ.က(၁)ကျောင်း၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။