ဘိုကလေး ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူး လုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၈)နာရီအချိန်တွင် ဘိုကလေးမြို့နယ်အတွင်းရှိ လူစည်ကားရာအရပ် များ၌ မီးဘေးအန္တရာယ် အသိပညာပေးဆိုင်းဘုတ် စိုက်ထူ၍ သွားလာလှုပ်ရှားမှုပြုကြသည့် ပြည်သူများအား မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် ဈေးများ၊ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေးဟောပြောခြင်း၊ ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခြင်း၊ သရုပ်ပြခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)