သတင်းများ

မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Dec 15,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေ ပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို  ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အိမ်မွေးတိုင်းရင်းကြက်များ စီးပွားဖြစ်တိုးချဲ့မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Dec 15,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ အိမ်မွေးတိုင်းရင်းကြက်များကို မိရိုးဖလာပုံစံဖြင့် စားသုံးရန်၊ လက်ဆောင်ပေးရန်၊ ရိုးရာပွဲများတွင် အသုံးပြုရန်အတွက် တနိုင်တပိုင်မွေးမြူလာခဲ့ကြရာမှ ယခုအခါ မိသားစုဝင်ငွေတိုးပွားရရှိရန် စနစ်တကျ တိုးချဲ့မွေးမြူ လာကြကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် လူငယ်ရေးရာစကားဝိုင်း ကျင်းပ
Dec 15,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများကို လေ့လာ၍ ဗဟုသုတရရှိလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာနိုင်စေရန် ရည်ရွယ်၍ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀) နာရီ အချိန်က ကျင်းပခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး ဟောပြောပွဲ ကျင်းပ
Dec 15,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတက္ကသိုလ်၌ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်" အခမ်းအနား ကျင်းပ
Dec 15,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်" အခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်းဝ(၉)ခန်းမ၌ ကျင်းပခဲ့သည်။
တောင်ကုတ်မြို့နယ်၌ (၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပ
Dec 15,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အမာမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ အနောက်မရမ်း ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် (၁၁)နာရီအချိန်၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့‌ကြောင်း သိရသည်။