မိုးနဲ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ မြို့နယ်ပညာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က Community Center ခန်းမနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ နေ့ကြီးရက်ကြီးများကို အနာဂတ်ခေါင်းဆောင်များဖြစ်ကြမည့် ကျောင်းသား/သူများအနေဖြင့် မှတ်မှတ်ထင်ထင်ရှိစေရန်၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ စွန့်လွတ်အနစ်နာခံမှုများကို မမေ့မလျော့စေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်၊ ကျောင်းတွင်းကျင်းပသော ပြိုင်ပွဲများအပြင် ပြင်ပမှကျင်းပပြုလုပ်သော ပြိုင်ပွဲများတွင်လည်း ပါဝင်ယှဥ်ပြိုင်စိတ်များရှိစေရန်နှင့်ဗလငါးတန်ဖြင့် ပြည့်စုံသော ကျောင်းသား/သူများဖြစ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/သူ ၁၅ဦးမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)