ပြည်ကြီးတံခွန်မြို့နယ် အ.လ.က-(၂၂)ကျောင်းသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေး
Dec 15,2023
ကျောင်းသား၊ကျောင်းသူများ အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် အသုံးချနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိပညာ ဗဟုသုတနှင့် ပြည့်စုံသော လူကောင်း၊လူတော်များ၊ နိုင်ငံ့ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းအမှတ်-(၂၂)သို့ သွားရောက်ငှား ရမ်းပေးကြသည်။