သတင်းများ

ငရုတ်ကောင်းမြို့တွင် ဆီထွက်သီးနှံနေကြာနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ခင်းတွင် စိုက်ပျိုးခြင်း‌ဆောင်ရွက်
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကျွေချိုင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်ငွေ၏လယ်မြေ ကွင်းအမှတ် (၁၉၅၂) ဦးပိုင် အမှတ် (၅/၂)နှင့် နံ့သာပုကျေးရွာအုပ်စုရှိ‌ တောင်သူဦးအိုက်စံ၏ လယ်မြေ ကွင်းအမှတ်(၁၉၅၃) ဦးပိုင်အမှတ်(၂၉/၁)တို့တွင် ဆီထွက် သီးနှံနေကြာ နှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ချစိုက်ပျိုးကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာစီးပွားရေးတက္ကသိုလ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ အခမ်းအနားကျင်းပ
Dec 15,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစီးပွားရေးတက္ကသိုလ်၌ (၇၆) လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် အဆောင် (၇) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပင်လုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Dec 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲကို ပင်လုံမြို့ အ.ထ.က(၁)ကျောင်း၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ဘိုကလေးမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက် (၁၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်း အစည်းအဝေးခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ဆောင်ရွက်သည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေးသင်တန်းဆင်းပွဲ ကျင်းပ
Dec 15,2023
ပုဂ္ဂလိကလုပ်ငန်းကဏ္ဍတွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့်ဆက်စပ်၍ လုပ်ငန်းတည်ထောင်ထားသူများ၊ ယင်းလုပ်ငန်းတွင် ကြီးကြပ်ဆောင်ရွက်နေသူများအတွက် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ဘေးအန္တရာယ်များအပေါ် ကြိုတင်ကာကွယ်စီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလတို့တွင် သင်ကြားပို့ချခဲ့သည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေးသင်တန်း၏ သင်တန်းဆင်းပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည်။
မြောင်းမြမြို့ အ.မ.က (ကြာဖူးငုံ) ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (ကြာဖူးငုံ) ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေ ဗဟုသုတနှင့် စာဖတ်သည့်အလေ့ အထများ ရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်စကားဝိုင်း ကျင်းပ
Dec 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.လ.က(အုတ်ပုံ)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ကျင်းပသည်။
မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ(စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Dec 15,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နန့်လှိုင်ကျေးရွာ(စာထားကွင်း) ဆီထွက်သီနှံ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။