သတင်းများ

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Dec 15,2023
ပုဗ္ဗသီရိမြို့နယ်၊ မိုးသီရိအထည်ချုပ်စက်ရုံမှ ရွှေ့ပြောင်းအလုပ်သမားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းပါ ၁၁ ဦးတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်နှင့်အထက်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာအပါအဝင် သီးထပ် စိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Dec 15,2023
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသအလိုက်စားရေရိက္ခာဖူလုံစေရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက် ၆ နာရီခွဲက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း ဒေသတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မိုးနဲ အ.ထ.ကကျောင်း၌ မိဘ/ဆရာတွေဆုံပွဲ ကျင်းပ
Dec 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မိဘ/ဆရာတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း ပုလဲဆောင်ခန်းးမ၌ ကျင်းပပြုလုပ်ရာ အ.ထ.က-မိုးနဲရင်သွေးငယ်လေးများ၏ အကပဒေသာဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့သည်။
ကြို့ပင်ကောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Dec 15,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောင်ခြင်း စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တံတားဦးမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်(Grade-5) သင်ယူပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(ခရိုင်အဆင့်) ကျင်းပ
Dec 15,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ယူပြီးမြောက်ခြင်း  စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ ကျေးလက်စည်ပင်သာယာဈေးအား ဈေးလုံခြုံရေး အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်
Dec 15,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရှောက်တောကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးအား သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန်အတွက် ရည်ရွယ်၍ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သာမာန်ပြင်ထိန်း ခွင့်ပြုရန်ပုံငွေဖြင့် အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ
Dec 15,2023
၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေး‌နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာအုပ်ပြပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန စာကြည့်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။‌
မြစ်သားမြို့နယ်တွင် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး(၇)ဦးဖြင့် (အခမဲ့) နယ်လှည့် ကွင်းဆင်းကျန်းမာရေးကုသ ဆောင်ရွက်
Dec 15,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (၇)ဦးဖြင့် (အခမဲ့) နယ်လှည့် ကွင်းဆင်းကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်ကုသပေးလျက်ရှိကြောင်း သိရသည်။