မုံရွာစီးပွားရေးတက္ကသိုလ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ အခမ်းအနားကျင်းပ

မုံရွာ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစီးပွားရေးတက္ကသိုလ်၌ (၇၆) လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် အဆောင် (၇) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာ ဒေါ်စိုးသူက အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာစာဌာန ကထိက ဒေါ်နိုင်နိုင်မြင့်က လွတ်လပ်ရေးကကြိုးပမ်းမှု သမိုင်းကြောင်းနှင့် လွတ်လပ်ရေးနေ့အကြောင်း ဟောပြောခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ မုံရွာစီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးနှင့် စီမံဌာနများမှ ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

ခရိုင်(ပြန်/ဆက်)