ငရုတ်ကောင်းမြို့တွင် ဆီထွက်သီးနှံနေကြာနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ခင်းတွင် စိုက်ပျိုးခြင်း‌ဆောင်ရွက်

ငရုတ်ကောင်း ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကျွေချိုင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်ငွေ၏လယ်မြေ ကွင်းအမှတ် (၁၉၅၂) ဦးပိုင် အမှတ် (၅/၂)နှင့် နံ့သာပုကျေးရွာအုပ်စုရှိ‌ တောင်သူဦးအိုက်စံ၏ လယ်မြေ ကွင်းအမှတ်(၁၉၅၃) ဦးပိုင်အမှတ်(၂၉/၁)တို့တွင်  ဆီထွက် သီးနှံနေကြာ နှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ချစိုက်ပျိုးကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ငရုတ်ကောင်းမြို့ အုပ်ချုပ်‌ရေးမှူး ဦးဝေယံဦး၊ မြို့စည်ပင်သာယာ‌ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲထွန်းဦး၊ စိုက်ပျိုး ရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေနိုင်၊ ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် တာဝန်ရှိသူများ၊ ကျေးရွာ စိုက်တိုးမြင့်အဖွဲ့မှ တာဝန်ရှိသူများမှ ဆီထွက်သီးနှံနေကြာနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ စုပေါင်းကြဲပက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)