ဟားခါး ဒီဇင်ဘာ ၁၆
ပြည်သူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၆ နာရီခွဲက ချင်းပြည်နယ်၊ ဟားခါးမြို့၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၅၀၀)ဦးခန့် ပါဝင်ဆင်နွှဲကြသည်။
စုပေါင်းလူထုလမ်းလျှောက်ပွဲကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်က သေနတ်ပစ်ဖောက်ဖွင့်လှစ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှ ပြည်နယ်မီးသတ်တပ်ဖွဲ့ရုံးရှေ့ လမ်းဆုံထိလည်းကောင်း၊ ထိုမှတစ်ဆင့် ချင်းပြည်နယ်လွှတ်တော်ရုံးအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ချင်းပြည်နယ်လွှတ်တော်ရုံးရှေ့ ကွင်းပြင်တွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများနှင့်အတူ ချင်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁၊ ၂)၊ Physical Fitness Dance Exercise လေ့ကျင့်ခန်းများစုပေါင်းဆောင်ရွက်ကြကာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်သူများအား ကောက်ညှင်းပေါင်းနှင့်အကြော်များ ပေးဝေခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )