ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးသည် တလိုင်းကွင်းကျေးရွာအုပ်စုတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)မျိုးစေ့ထုတ်ကွင်းပိတ် ကြဲပက်ခြင်းအခမ်းအနားသို့တက်ရောက်

ကြံခင်း ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးတင်အေးသည် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့်အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့နယ် တလိုင်းကွင်းကျေးရွာအုပ်စုရှိ  တောင်သူဦးနန္ဒာနေမျိုးမောင်၏ လယ်မြေတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)မျိုးစေ့ထုတ်ကွင်းပိတ်ကြဲပက်ခြင်းအခမ်းအနားသို့ တက်ရောက်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဦးပိုင်အမှတ်(၂၉၄) ၊ ကွင်းအမှတ်(၄၁)၊ လယ်မြေ(၃)ဧကတွင် ကျင်းပရာ ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးစတိုင်သာယာနှင့်တာဝန်ရှိသူများနှင့်အတူ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)မျိုးစေ့ထုတ်ကွင်းပိတ်ကြဲပက်စိုက်ပျိုးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက်ဝန်ကြီးနှင့်အဖွဲ့သည် ဗေဒါ(EM)ဘိုကာရှီမြေဆွေးပြုလုပ်ထားခြင်းအား ကြည့်ရှုကာလိုအပ်သည်များမှာကြားခဲ့ပြီး ညနေ(၁၇း၀၀)နာရီတွင် မြန်အောင်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)