ကျောက်တန်း ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၄ခုနှစ် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်သန်းဦးက အဖွင့်အမှာစကားပြောကြားကာ ကျပန်းစကားပြောပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဥ်းကို ဆရာကြီးဦးထွန်းရင်မှ ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ပြိုင်ပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသူက ခရိုင်အဆင့်တွင် ပါ၀င်ယှဥ်ပြိုင်ရမည် ဖြစ်သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ၂ ဦးစိုးမြင့်ကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်၀င်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း၊ မြို့နယ်အားကစားမှူးဒေါ်ခင်သီတာခိုင်နှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်ဆက်)