ထန်းတပင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (ဆီထွက်သီးနှံ) မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

ထန်းတပင် ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် (ဆီထွက်သီးနှံ) မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သရက်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဦးသက်မြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် (ဆီထွက်သီးနှံ) မြစိမ်းရောင် ကျေးရွာစီမံကိန်းရရှိသော ကျေးရွာများ စိုက်ပျိုးရေးလုပ်ငန်းများကို မြေလွတ်၊ မြေရိုင်းမကျန် စိုက်ပျိုးပေးကြဖို့နှင့် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ လွှဲအပ်ပေးရာ ငွေကျပ် သိန်း(၁၀၂)သိန်းကို တောင်သူ (၇၇)ဦးအား လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)