ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲပြသဆောင်ရွက်

ဖျာပုံ ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယဥာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါခန်းမ၌ပြုလုပ်ဆောင်ရွက်သည်။

ထိုသို့ ပြိုင်ပွဲများကျင်းပရာတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်ကြရာ ပြိုင်ပွဲအလိုက် ဆုရရှိကြသူများအား ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စမ်းစမ်းအေး၊ ဦးစီးအရာရှိဒေါ်မာမာလွင်၊ အ.မ.က(၁၇) ကျောင်းဆရာကြီးဦးမြင့်သောင်းနှင့်ဆရာမတို့ကဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)