မိုင်းဆတ်မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

မိုင်းဆတ် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးဇင်လတ်က ဈေးဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့အဆောက်အအုံတွင် ဟောင်းနွမ်းနေသည့် ဝါယာကြိုးများကို ပြန်လည်စစ်ဆေးကာ အသစ်လဲလှယ်ပြင်ဆင်ရေး၊ မီးသတ်ဆေးဘူးများထားရှိရေး၊ ဆိုင်ပိတ်ချိန်တွင် မလိုအပ်သောမီးများ ပိတ်ထားရေး အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်းက ဘေးပတ်ဝန်းကျင် မီးကူးစက်မှုမရှိစေရန် အပူချိန်လျှော့ချသော အနေအထားဖြစ်အောင် ရေပက်ဖျန်းထားရှိရေး၊ ဈေးဆိုင်ခင်းရောင်းချရာတွင် သတ်မှတ်ဧရိယာအတွင်း၌ ခင်းကျင်းရောင်းချရေး၊ ဈေးအတွင်းလျှောက်လမ်းများပေါ်သို့ ခင်းကျင်းရောင်းချခြင်းမပြုရေးတို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)