ရွှေဘိုတက္ကသိုလ်၌ နဝမအကြိမ်​မြောက်ဘွဲ့နှင်းသဘင် ကျင်းပ

​ရွှေဘို ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုတက္ကသိုလ်တွင် နဝမအကြိမ်​မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယ​နေ့နံနက် ၉ နာရီချိန်က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ​ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီး ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် နေ့သင်တန်းတို့တွင် ဝိဇ္ဇာဘာသာရပ်များအတွက် မဟာဝိဇ္ဇာဘွဲ့၊ ဂုဏ်ထူးဘွဲ့နှင့်ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘာသာရပ်များအတွက် မဟာသိပ္ပံဘွဲ့၊ သိပ္ပံ(ဂုဏ်ထူး)ဘွဲ့နှင့်သိပ္ပံဘွဲ့အသီးသီးအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ကြသည့် မောင်မယ်များအား ဘွဲ့လက်မှတ်အသီးသီးအပ်နှင်းခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်​မြေ၊ စစ်နယ်မြေမှူးနှင့်အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊​ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး​ဒေါက်တာတင်တင်ရီနှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ ဘာသာရပ်ဆိုင်ရာပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာဌာန)၊ မော်ကွန်းထိန်း(စာမေးပွဲနှင့်ဘွဲ့နှင်းဌာန)၊ မော်ကွန်းထိန်း(ကျောင်းသားရေးရာဌာန)၊  ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

အဆိုပါ နဝမအကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို အပိုင်း(၂)ပိုင်းခွဲပြီးကျင်းပခဲ့​ကြောင်း စုစုပေါင်းတက်​ရောက်ဘွဲ့ယူသူ(၂၉၉)ဦးရှိ​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်