သတင်းများ

ကရသူရိမြို့၌ စာဖတ်ဝိုင်းဆွေးနွေး
Dec 19,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများ ကြွယ်ဝရေး “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းတည်ငြိမ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Dec 19,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
သုံးခွမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ
Dec 19,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်၊ အမှတ်(၄)၊ (၁၁)ရပ်ကွက်၊ အနော်ရထာလမ်းရှိ ရှစ်မျက်နှာဘုရားစေတီတော်ပရိဝုဏ်၌  ဘေးအန္တရာယ် အသွယ်သွယ် ကင်းဝေးပြီး ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝစေရန် ရည်ရွယ်၍ (ပထမအကြိမ်) ကျင်းပခဲ့သော အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ  ပဋ္ဌာန်းသိမ်း အောင်ပွဲကို ယမန်နေ့ညနေ ၅ နာရီအချိန်က  ကျင်းပခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 19,2023
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်ရောက်ရှိမည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ပါသည်။
သာယာဝတီမြို့နယ် မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Dec 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့သည်။
မန္တလာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 19,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီးရှိ မန္တလာတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘာသာရပ် ပေါင်းစုံစားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်အသိပညာပေးလုပ်ငန်း‌ဆောင်ရွက်
Dec 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်ဖြူချောင်းကျေးရွာအုပ်စုရှိ ကံစုသစ်ဖြူ အခြေခံပညာအလယ်တန်းကျောင်းတွင် ဒီဇင်ဘာ(၁၈)ရက် နေ့လယ်ပိုင်း၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ၃၅၈၆ ဧက စိုက်ပျိုးပြီးစီး
Dec 19,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ကုလားပဲသီးနှံဧက ၂၀၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကုလားပဲသီးနှံ ၃၅၈၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။