သတင်းများ

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ
Dec 19,2023
မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် မြိတ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး  အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 19,2023
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချသုံးစွဲမှု လျော့နည်းသက်သာစေရန် ပြည်သူများ ပလတ်စတစ်အိတ်  ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ ကြာဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အသုံးပြုနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်  ငှက်ပျောဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ ဒီဇင်ဘာနံနက် (၈)နာရီမှ (၉)နာရီအချိန်အတွင်း ဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကန့်လန့်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ
Dec 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီ၌ စိုက်ပျိုးသည့် ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မြစ်ကြီးနားမြို့၌ ဘေးအန္တရာယ်ကင်းစေရန်နှင့် စီးပွားချမ်းသာတိုးတက်စေရန် ဥပ္ပါတသန္တိပါဠိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
Dec 19,2023
ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းနှင့် ကချင်ပြည်နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်ရန်စွယ် အမျိုးမျိုးကင်းရှင်းပြီး ကောင်းခြင်းမင်္ဂလာ စီးပွားချမ်းသာတိုးတက်စေရန် ရည်ရွယ်၍ မြတ်စွာဘုရား ဟောကြားတော်မူသည့် ဥပ္ပါတသန္တိပါဠိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက် ၆ နာရီက မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
မိုင်းဖြတ်မြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ လေ့ကျင့်
Dec 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ ရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့မဈေးအတွင်း ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်
Dec 19,2023
ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဖွင့်လှစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Dec 19,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၁ နာရီအချိန် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မိုင်းဖြတ်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၏ စာဖတ်ဝိုင်း ကျင်းပ
Dec 19,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အနေဖြင့် လစဉ် စာဖတ်ဝိုင်းများကို ကျင်းပလျက်ရှိရာ ယမန်​နေ့ နံနက် ၁၀ နာရီက နှလုံးသားယဉ်ကျေးမှု စာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။