အမရပူရ ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီးရှိ မန္တလာတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံစားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလာတ္ကသိုလ်ပါမောက္ခချုပ် ဒေါ်ခင်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစား အဓိဋ္ဌာန်ကို သံပြိုင်ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲများကို စတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲများ တွင် စားပွဲတင်ကျား၊ မ၊ ပိုက်ကျော်ခြင်း ကျားနှင့် ဘော်လီဘော ကျား၊ မ တို့ ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)