သတင်းများ

လိပ်သိုမြို့ (Community Centre) ခန်းမ၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 19,2023
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာမ ပေါက်ပေါက် ရေးသားသော “ကင်ဆာဘေးဝေးကြစေ” ကင်ဆာရောဂါအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာသင်တန်း ဖွင့်လှစ်
Dec 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ဆိုက်ဘာလုံခြုံရေးဆိုင်ရာသင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီစိုက်ပျိုးရန် မျိုးစေ့များ ပျိုးထောင်
Dec 19,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီ(ခေါ်)လှောင်ကြက်သွန်စိုက်ပျိုးရန် ကြက်သွန်နီမျိုးစေ့များ ပျိုးထောင်ထားရှိပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စု ညောင်ဖြူပင်ကျေးရွာ ဆောင်းကြက်သွန်စိုက်ပျိုးတောင်သူ ဦးမင်းသိန်းထံက သိရသည်။
ပြင်ဦးလွင်မြို့နယ်၊ ပန်းဦးတောင်ကျေးရွာအုပ်စု၊ ဆင်ဖြူအင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) ကျေးလက်နေပြည်သူများ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 19,2023
ပြင်ဦးလွင်မြို့နယ်၊ ပန်းဦးတောင်ကျေးရွာအုပ်စု၊ ဆင်ဖြူအင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) ကျေးလက်နေပြည်သူများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။
သနပ်ပင်မြို့နယ်တွင် ဆောင်းသီးနှံနှင့် နွေစပါးစိုက်တောင်သူများအား တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ
Dec 19,2023
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်တောင်သူများအား တောင်သူပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ထာဝရ မိဘမေတ္တာ စိုက်ပျိုးရေးသုံး ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
 မိုင်းဖြတ်မြို့နယ်၌  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် ကျပန်းစာကားပြောပြိုင်ပွဲ ကျင်းပ
Dec 19,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၊ အလက(ခွဲ) တာလော့ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ
Dec 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(တာလော့)ကျောင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။
မုဒုံမြို့တွင် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Dec 19,2023
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၂)ရပ်ကွက်သို့ စစ်ဘေးရှောင်ရောက်ရှိလာသည့် ပြည်သူများကို ယနေ့ နံနက်ပိုင်းက မြို့မ(၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်သည်။