ဘိုကလေး ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်ဖြူချောင်းကျေးရွာအုပ်စုရှိ ကံစုသစ်ဖြူ အခြေခံပညာအလယ်တန်းကျောင်းတွင် ဒီဇင်ဘာ(၁၈)ရက် နေ့လယ်ပိုင်း၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အဆိုပါအလယ်တန်းကျောင်းမှ ကျောင်းသား/သူများအား မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ရေး၊ ရေဘေး၊ လေဘေးစသော သဘာဝဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးကြိုတင်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအကြောင်း၊ သဘာဝဘေးဖြစ်ပွားချိန်နှင့်ဖြစ်ပွားပြီးချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ရှောင်ရှားရမည့်အချက်များအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်မျိုးထွန်းနှင့်ဝန်ထမ်းများက အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/များ၊ ကျောင်းသား/သူများနှင့် ရပ်မိရပ်ဖများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)