ကရသူရိမြို့၌ စာဖတ်ဝိုင်းဆွေးနွေး

ကရသူရိ ဒီဇင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊    ကရသူရိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများကြွယ်ဝရေး “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြား သည်။ ထို့‌နောက် Book Club အဖွဲ့ဝင် ဦးအောင်မြတ်ဖြိုးက လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်မှ “ပညာရေးအစ....စာအုပ်များဖြင့် အစပြုပါ” ခေါင်စဉ်ဖြင့်လည်းကောင်း၊ ဦးခင်ဆွေက “အောင်မြင်ဖို့တည်ဆောက် ခြင်းနှင့် အမြင်များ”၊ ဦးပိုင်ငြိမ်းအောင်က “အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း” စသည့် ခေါင်းစဉ်အသီးသီးဖြင့် ဖတ်ကြားဆွေးနွေး ပြီး တက်ရောက်လာသည့် စာဖတ်ပရိတ်သတ်များက စာအုပ်ပါအကြောင်းအရာများအား အပြန် အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းသည် ပြည်သူများစာဖတ်သည့် အလေ့အကျင့်များတိုးတက်ရေး၊ စာပေဗဟုသုတများ ရရှိရေးနှင့် မိမိဘဝတိုးတက် အောင်မြင်ရေးသည် စာအုပ်/စာစောင်များဖတ်ရှုခြင်းမှ ရသည့် အသိပညာများ ရရှိရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)