သတင်းများ

ငဖဲမြို့ အရှေ့ဘက်လယ်မြေတွင် စားဖိုဆောင်ဟင်းသီးဟင်းရွက် ကိုက်လန်စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Dec 19,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့၏ အရှေ့ဘက်လယ်မြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ဆောင်းရာသီ စားဖိုဆောင်သီးနှံအဖြစ် ကိုက်လန်ဟင်းသီးဟင်းရွက်စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ နေ့စဉ် ရောင်းချရကာ မိသားစုပုံမှန်ဝင်ငွေ ရရှိနေကြောင်း စိုက်ပျိုးရောင်းချသူ တောင်သူ ဒေါ်သင်းခိုင်ထံမှ သိရသည်။
ကုန်ကျစရိတ်သက်သာသည့် စပါးရိတ်စက်ကို တွင်ကျယ်စွာ အသုံးပြုလာ
Dec 19,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ယခင်အခါက စပါးရိတ်သိမ်းရာ၌ လူအားဖြင့် ရိတ်သိမ်းခဲ့ကြသော်လည်း ယခုအခါတွင် တွင်ကျယ်မှုပို၍ ကုန်ကျစရိတ်သက်သာသည့် စပါးရိတ်စက်ကို အသုံးပြုလာကြကြောင်း သိရသည်။
မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း(အခမဲ့) ဖွင့်လှစ်
Dec 19,2023
အခမ်းအနားကျင်းပရာတွင် အစီအစဉ်များကို စနစ်တကျ စီစဉ်ဆောင်ရွက်တတ်စေရန်၊ အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန်၊ လူငယ်မောင်မယ်များ စကားပြောစွမ်းရည် မြင့်မားတိုးတက်လာစေရန်၊ အောင်မြင်သော အခမ်းအနားမှူးကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း(အခမဲ့) ဖွင့်လှစ်ကြောင်း သိရသည်။
စမ်း​ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေး လိုက်လံနှိုးဆော်
Dec 19,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးမှုများအား ယမန်နေ့ည (၇:၀၀)က လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 19,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ ချစ်စံဝင်း၏ အချိန်ကို မိတ်ဆွေဖွဲ့ပါရန်သူမလုပ်ပါနှင့် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း  သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Dec 19,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို မြို့ဦးစီးဌာနရုံးရှိ  Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ  ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Dec 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
မိုင်းယောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ သည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။