သာယာဝတီ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးစသည့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရန်၊ ကာယဖွံ့ဖြိုးမှုသာမက ဉာဏ်ရည်နှင့်ယှဉ်တွဲကစားခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အပေးအယူသဘောကို နားလည်စေပြီး စိတ်ပျော်ရွှင်မှုခံစားရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အားကစားပြိုင်ပွဲများကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ကလေးငယ်များက အရုပ်ကောက်အပြေး၊ ဗန်းရွက်အပြေး၊ အာလူးကောက်အပြေး၊ လက်ဆင့်ကမ်းအပြေး၊ မီတာတိုအပြေးပြိုင်ပွဲ၊ အိတ်စွပ်အပြေး စသည့်ကစားနည်းများကို ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးနှင့် မူကြိုဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)