လွိုင်လင်မြို့တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

လွိုင်လင် ဒီဇင်ဘာ ၁၉

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်ရောက်ရှိမည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ပါသည်။

အစည်းအဝေးတွင် ဦီးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အစည်းအဝေးတက်ရောက်ကြသည့် ကော်မတီအသီးသီးမှ ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ခရိုင်ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်အမှာ စကားပြောကြားပါသည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အဖြစ် အားကစားနည်း (၈)မျိုးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊  စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် မီနီမာရသွန်ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲများကို သဝဏ်လွှာဖတ်ပွဲအပြီးတွင်ပြုလုပ်သွားမည်ဖြစ်သည်။

ခရိုင်ပြန်/ဆက်