သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးစပါးစုစုပေါင်း ၁၆၈၃၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ စတင်ရိတ်သိမ်း
Dec 19,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄)ခုနှစ် ဆည်ရေသောက်နှင့် စိမ့်စမ်းရေသောက်၊ မိုးကောင်းသောက် မိုးစပါးများ စုစုပေါင်း ၁၆၈၃၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုအခါ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Mobile Phone ဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်
Dec 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်၊ စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများ၊ သတင်းဗွီဒီယိုများ ရိုက်ကူးတည်းဖြတ်ရာတွင် အရည်အသွေးပြည့်မှီသည့် သတင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်နိုင်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၁) နာရီ အချိန်မှစ၍ Mobile Phone ဖြင့် ဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဇီးတောကျေးရွာအုပ်စုအား ဆက်လက်ထုတ်ချေးပေး
Dec 19,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းက ဇီးတောကျေးရွာအုပ်စုမှ တောင်သူ (၄၅)ဦး၏ အခြားသီးနှံစိုက်ဧက (၂၂၇) ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် (၂၂၇ )သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့ ဘလောက်ညောင်ဝိုင်းကျေးရွာတွင် (နေကြာ)ထွန်ယက်စိုက်ပျိုးမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး
Dec 19,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ(နေကြာ)ကို ဘလောက်ညောင်ဝိုင်းကျေးရွာတွင် ထွန်ယက်စိုက်ပျိုးနေမှု အခြေအနေများအား တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
“အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိက မကူးစက်နိုင်သော ရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါ ကာကွယ်ခြင်း အခြေခံကုထုံးလမ်းညွှန် ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်း” ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 19,2023
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် “အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိက မကူးစက်နိုင်သော ရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါ ကာကွယ်ခြင်း အခြေခံ ကုထုံးလမ်းညွှန် ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၉ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊  ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်များမှ အခြေခံ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးဘုရားဖူးရောက်ရှိခဲ့ပါက ထိလုကုန်းဂူ ဘုရားအတွင်းရှိ နံရံပန်းချီများနှင့်ကျောက်စာချပ်ကိုလေ့လာဖတ်ရှုနိုင်
Dec 19,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူး လေ့လာရေးလာရောက်ခဲ့ပါက ပုဂံဒေသရှိ သမိုင်းအထင်ကရဘုရားများကို ဖူးမြော်ပြီး ရှင်အဇ္ဇဂေါဏ ဘုရားမြောက်ဘက် တစ်ဖာလုံခန့်အကွာ ထိလုကုန်းဂူဘုရားအတွင်းရှိ ထိုင်တော်မူ ဆင်းတုတော်အားဖူးမြော်ပြီး နံရံပန်းချီနှင့် ကျောက်စာချပ်ကို လေ့လာဖတ်ရှုနိုင်ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာ​ပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကျင်းပ
Dec 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေး ကျွေးမှု (၈၀၀)ကြိမ် ရှိလာ
Dec 19,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း၌ မြန်မာပြည် အရပ်ရပ်မှဆင်ချစ်သူများက Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများ များပြားလာလျက်ရှိရာ ဆင်စာဘူဖေးကျွေးမှု (၈၀၀)ကြိမ် ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။