သဘာဝကပေးတဲ့လက်ဆောင်မွန် အောင်ပါစေထန်းလျက် စားသောက်ကုန် လုပ်ငန်း
Dec 19,2023
ထန်းပင်သည် အညာဒေသ၏ အလှတပါးဖြစ်သကဲ့သို့ သဘာဝ၏လက်ဆောင်မွန် ဆိုပါက ပို၍ပြည့်စုံတိကျမည်ဖြစ်သည်။ ထန်းပင်စိုက်ရန် ဓာတ်မြေဩဇာမလို ပိုးသတ်ဆေးမလို ရေပေးရန်မလို သဘာဝလျှောက် ရှင်သန်နိုင်သောအပင်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်း ထန်းကိုအခြေခံ၍ စားသောက်ကုန်များ ထုတ်လုပ်ပြီး ဒေသစီးပွား၊ နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေး အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်။