ပြင်ဦးလွင်မြို့နယ်၊ ပန်းဦးတောင်ကျေးရွာအုပ်စု၊ ဆင်ဖြူအင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) ကျေးလက်နေပြည်သူများ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၉

ပြင်ဦးလွင်မြို့နယ်၊ ပန်းဦးတောင်ကျေးရွာအုပ်စု၊ ဆင်ဖြူအင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) ကျေးလက်နေပြည်သူများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ဝိုင်းယုမော်နှင့် အကြီးတန်းစာရေး ဒေါ်အိဖြိုးဇော်က ဆင်ဖြူအင်းကျေးရွာတွင် ခေတ်မီစံပြ ကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) ကျေးလက်နေပြည်သူများ အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ဦးစွာရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ကျေးလက်နေပြည်သူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ အသိပညာပေး ဟောပြောဆွေးနွေးသည်။

ထို့နောက် ဆင်ဖြူအင်းကျေးရွာနေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် တခြားသောဆက်စပ်ဌာနများနှင့်ပူးပေါင်းကာ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) အနေဖြင့် ကျေးလက်နေပြည်သူများ အသိပညာပေးဟောပြောပွဲကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင် (ပြန်/ဆက်))