မုဒုံ ဒီဇင်ဘာ ၁၉
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၂)ရပ်ကွက်သို့ စစ်ဘေးရှောင်ရောက်ရှိလာသည့် ပြည်သူများကို ယနေ့ နံနက်ပိုင်းက မြို့မ(၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်အောင်နှင့် ဝန်ထမ်းများက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်များမှ နယ်မြေလုံခြုံရေး အခြေအနေအရ ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀) ကျပ်ဖြင့် စုစုပေါင်းပြည်သူ (၁၅၂)ဦးအား စုစုပေါင်းငွေကျပ် (၃၁၉၂၀၀)ကို ပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြသောင်းက လက်ခံခဲ့ပြီး ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)