တာချီလိတ်မြို့၊ အလက(ခွဲ) တာလော့ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(တာလော့)ကျောင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မက အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်အား အဖွင့်အမှာစကားပြောကြားပြီး၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနာယက ဆရာဦးစိုးစိုး၊ သုတစိုး(နေ့သစ်)မှ၊ စာဖတ်ခြင်းမှရရှိမည့် အကျိုးကျေးဇူးများအကြောင်းနှင့် သိသင့်သိထိုက်သည့် လူငယ်ရေးရာအသိပညာပေးခြင်းတို့ကို ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.လ.က (ခွဲ) တာလော့ ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များ လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)