သနပ်ပင် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်တောင်သူများအား တောင်သူပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ထာဝရ မိဘမေတ္တာ စိုက်ပျိုးရေးသုံး ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော် လွန်ရေး ဆောင်ရွက်လျက်ရှိရာ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးထောက်ပံ့ပေးခြင်းနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးသုံး သွင်းအားစုပစ္စည်းများအား သက်သာသော စျေးနှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုပစ္စည်းများ မှန်ကန်စွာအသုံးပြုခြင်းဖြင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ကြိုးစားဆောင်ရွက်ပေးကြရန် ပြောကြားပြီး ထာဝရမိဘမေတ္တာ စိုက်ပျိုးရေးသုံး ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ရွှေက စိုက်ပျိုးရေးသုံးသွင်းအားစု ပစ္စည်းများ ဖြန့်ဖြူးပေးမည့်အစီအစဉ်ကို ရှင်းလင်းတင်ပြခဲ့ကာ မြို့နယ်စိုက်ပျိုးရေးဦးစီး မှူးနှင့် တာဝန်ရှိသူများက သီးနှံအလိုက် ပန်းတိုင်ရည်မှန်း ချက်ပြည့်မီရေးနှင့် ပိုးမွှားရောဂါကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များအား အသိ ပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါတောင်သူပညာပေးဆွေးနွေးပွဲသို့ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၀)မှ တောင်သူပေါင်း (၁၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)