မိုင်းဖြတ်မြို့နယ်၌  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် ကျပန်းစာကားပြောပြိုင်ပွဲ ကျင်းပ

မိုင်းဖြတ် ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ရှေးဦးစွာ ပြိုင်ပွဲများကြီးကြပ်သူ တာဝန်ရှိသူများက ပြိုင်ပွဲစည်းကမ်းချက်များနှင့် အဆင့်အလိုက် ပြိုင်ပွဲဝင်ခေါင်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပန်းချီပြိုင်ပွဲ၌ အထက်တန်းအဆင့် ၇ ဦး၊ အလယ်တန်းတန်းအဆင့် ၇ ဦး၊ မူလတန်းအဆင့် ၆ ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲ၌ အထက်တန်းအဆင့် ၆ ဦး၊ အလယ်တန်းအဆင့် ၈ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)