သတင်းများ

မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် လက်ရက်ကန်းသင်တန်း ဖွင့်လှစ်မည်
Dec 21,2023
ရက်ကန်းပညာရပ် တိမ်ကောပပျောက်မှုမရှိစေရေးအတွက် မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် လက်ရက်ကန်း (၆)လသင်တန်း ပထမအကြိမ်ကို ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
လားရှိုးမြို့တွင် ၂၀၂၃ -၂၀၂၄ ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းများ ပြုလုပ်
Dec 21,2023
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သည့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ခရိုင်အဆင့် လူရည်ချွန်စစ်ဆေးခြင်း စာမေးပွဲများကို ယမန်နေ့က လားရှိုးမြို့ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ပူတာအိုဒေသ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် သဘာဝရေခဲတောင်များ စတင် မြင်တွေ့နေရ
Dec 21,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပူတာအိုခရီးစဉ်ဒေသ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် သဘာဝရေခဲတောင်များကို ယခုလဆန်းပိုင်းမှ စတင်မြင်တွေ့ခဲ့ရခြင်း ဖြစ်ပြီး ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ဖြူဖွေးလှပ သိသာထင်ရှားစွာ မြင်တွေ့နေရပြီဖြစ်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Dec 21,2023
၂၀၂၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြများနှင့် အားကစားသမားများ၊  ဖိတ်ကြားထားသူများ တက်ရောက်သည်။
ပခုက္ကူမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ
Dec 21,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပပြုလုပ်သည်။
ပူတာအိုမြို့နယ် အ.မ.က လွန်-ဂျူဗလီကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Dec 21,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကျောင်းသူ၊ ကျောင်းသားများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ ဓာတ်ပုံပြပွဲပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို ဒီဇင်ဘာလ (၁၉)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်သည်။
ပြင်ဦးလွင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ School Milk Program အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေးခြင်းများ ဆောင်ရွက်
Dec 20,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်အေးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာ ဒေါ်နန်းတို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁၃ နာရီက ပြင်ဦးလွင်မြို့ အ.မ.က (၉) ကျောင်းမှ School Milk Program အနေဖြင့် ကျောင်းသား/ကျောင်းသူများအား နွားနို့ တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအမှတ်စဉ်(၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Dec 20,2023
မွန်ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အမှတ်စဉ်(၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားရှိသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် စက်သုံးဆီများကို ပြည်ပမှ မှာယူနိုင်မည့်အခြေအနေ၊ သိုလှောင်ထားရှိနိုင်မည့်အခြေအနေ၊  ဖြန့်ဖြူးရောင်းချပေးနိုင်မည့် အခြေအနေများကို တွေ့ဆုံဆွေးနွေးနိုင်ရန်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် အစည်းအဝေးကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊