နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပန်းတနော် ဒီဇင်ဘာ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ ကျုံပတောချောင်းကူးတံတား  တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မအူပင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ပန်းတနော်မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)တာဝန်တို့မှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က  မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများစောလျင်စွာနှင့် အချိန်မီပြီးစီးရေးအရည်အသွေးပြည့်မီအောင် အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)