(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လပွတ္တာမြို့နယ်၊ ရွာသစ်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ

လပွတ္တာ ဒီဇင်ဘာ ၂၀

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့သော လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လမ်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန်က အဖွင့်အမှာစကားပြောကြားရာတွင် ခေတ်မီဖွံဖြိုးသော နိုင်ငံအဖြစ် တည်ထောင်ရာတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍာသည် အထူးပင်အရေးပါလှပြီး ကျေးလက်ဒေသတွင်ရှိသော အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် လူနေမှုဘဝမြင့်မားရေး စသည့် အကြောင်းရင်းများအကြောင်းကို ရှင်လင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးဝင်းမင်းဦးနှင့် ခရိုင်ကျေးလက်ဦးစီးမှူး ဦးအောင်နိုင်မိုးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ နိုင်ငံတော်မှ မတည်ငွေ သိန်း(၁၅၀)နှင့် ပြည်သူ့ထည့်ဝင်ငွေ သိန်း(၃၀) စုစုပေါင်း သိန်း(၁၈၀)ဖြင့် အကောင်ထည်ဖော် ဆောက်ရွက်ခဲ့ပြီး ကျေးရွာကွန်ကရစ်လမ်း အရှည်ပေ (၁၁၁၀)၊ အနံ ၆ ပေ၊ ထု  (၆ လက်မ) ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)