သတင်းများ

မိုင်းခတ်၌ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ငွေလုံးငွေရင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 11,2025
မိုင်းခတ် သြဂုတ် ၁၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပထမ (၆) လပတ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ငွေလုံးငွေရင်းလုပ်ငန်း(၃)ခုအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ 
အ.ထ.က(တောင်ဇင်း)ကျောင်း၌ သဘာဝဘေး‌အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 11,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ တောင်ဇင်းကျေးရွာရှိ အ.ထ.က(တောင်ဇင်း)ကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြုလုပ်ခဲ့‌သည်။
ချောင်းဆုံမြို့နယ်၌ မိုးစပါး(၆၄၁၄၃)ဧက စိုက်ပျိုးပြီးစီး
Aug 11,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများစာရေးရိက္ခာဖူလုံစေရေးနှင့် တောင်သူများ ထုတ်ကုန်ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးဧက (၆၅၃၀၉)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ တောင်သူများ လုပ်ငန်းခွင်စတင်ချိန်မှစ၍ ဩဂုတ်(၈)ရက်နေ့အထိ မြို့နယ်အတွင်း မိုးစပါး(၆၄၁၄၃)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး (၉၈.၂၁)ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၃၄) အ.ထ.က တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 11,2025
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယနေ့နံနက် (၁၀:၃၀) နာရီက အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်း နန်းကေသီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Aug 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့်ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီကကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အထက− မိုင်းပျဉ်း၌ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
Aug 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ကျိုင်းတုံမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်သင်ကြားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ
Aug 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေးဆရာဖြစ် သင်တန်းဖွင့်ပွဲကို ယနေ့ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(ကျိုင်းတုံ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းမင်္ဂလာအခမ်းအနား တက်ရောက်
Aug 11,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို သြဂုတ် ၈ ရက်နေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး သီရိမင်္ဂလာပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။