မြစ်သားမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများဆက်လက် ထုတ်ချေး

မြစ်သား ဇွန်  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို မေ ၁၅ ရက်မှစတင်၍ ထုတ်ချေး‌ပေးခဲ့ရာ ဇွန် ၈ ရက် နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

ယနေ့တွင် မြို့နယ်အတွင်းရှိ ယခင်နှစ် ၂၀၂၅ မိုးချေးငွေများပြေကျေစွာပေးဆပ်ပြီးသော ကျေးရွာအုပ်စု ၁၆ အုပ်စု တောင်သူပေါင်း ၈၀၈ ဦး၏ ဧကပေါင်း ၃၇၈၇ ဧက အတွက် စပါး  တစ်ဧကလျှင်သုံးသိန်းနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ကျပ် ၂၅၀၀၀၀ နှုန်းဖြင့် ချေးငွေကျပ် ၁၀၈၄၄ ဒသမ ၅၀ သိန်း ထုတ်‌‌ချေး‌ပေးပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသည့်‌ကျေးရွာအုပ်စုများကို ဆက်လက်ထုတ်‌ချေးပေးသွားမည်ဖြစ်‌ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။

ဝါဝါမြင့်(မြစ်သား)