သတင်းများ

တာချီလိတ်မြို့၌ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာခင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာခင်းခြင်း လုပ်ငန်းအချိန်မီပြီးစီးရေး ဩဂုတ် ၁၀ ရက်နေ့က တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Aug 12,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်တွင်စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှဝန်ထမ်းများက ဘူတာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီး လိမ္မာယဉ်ကျေးစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကို အဆိုပါကျောင်းတွင် ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
ဘယ်လင်းအကျဉ်းဦးစီးဌာန၌ သုတ/ရသ စာအုပ်၊ စာစောင်များ  (အခမဲ့) ငှားရမ်း
Aug 12,2025
ပြည်သူများ စာပေကိုအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးသူတိုင်း (အခမဲ့)အသင်းဝင်ရောက်ပြီး (အခမဲ့) လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ထားဝယ်မြို့၌ စံပြနို့တိုက်မိခင်ပြိုင်ပွဲကျင်းပ
Aug 12,2025
၂၀၂၅ခုနှစ်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ်“စံပြနို့တိုက်မိခင်ပြိုင်ပွဲ”ကို ဩဂုတ် ၁၁ ရက်မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ခရိုင်ပြည်သူကျန်းမာရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
မိတ္ထီလာမြို့နယ်တွင် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 12,2025
မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၇/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၁ ရက်က ကျင်းပသည်။
ချောင်းဆုံမြို့နယ်၌ အသက်အရွယ်ကြီးပြီးသွားလာရန်ခက်ခဲသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Home Service ဖြင့် UID (Unique Identity)များ ကွင်းဆင်းဆောင်ရွက်
Aug 11,2025
 မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အသက်အရွယ်ကြီးပြီး ကျန်းမာရေးအခြေအနေအရ သွားလာရန်ခက်ခဲသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Home Service ဖြင့် UID (Unique Identity) Smart Card များကို ဩဂုတ်လ(၁၀)ရက်နေ့က ချောင်းဆုံမြို့(အရှေ့/အနောက်) ရပ်ကွက်များတွင် အိမ်တိုင်ရာ‌‌ရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လမ်းမတော်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။