မိတ္ထီလာ ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ) သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက် နံနက် ၉ နာရီခွဲက မကျီးပင်ပုကျေးရွာတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက မြို့နယ်အတွင်းရှိ ကျေးရွာများအား ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်က သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ဖြူဖြူမြင့်က သင်တန်းပို့ချသင်ကြားပေးမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းသင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝမြင့်တင်ရေးအတွက် သင်တန်းသားသင်တန်းသူ ၂၀ ဖြင့် ဇွန် ၈ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)