သတင်းများ

မော်လိုက်မြို့၌ Grade-12 ကျောင်းသား/ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
Jun 09,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မော်လိုက်ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ Grade-12 တက်ရောက်နေသည့် ကျောင်းသား/ ကျောင်းသူများကို စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၈) ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့ကြသည်။
မြစ်သားမြို့နယ်၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများ ကျင်းပ
Jun 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ဘူတာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားပြီးလိမ္မာယဉ်ကျေးစေရန် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇွန် ၈ ရက်  နံနက် ၉ နာရီက ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသူများအား အလင်းဝင်ကတ် ထုတ်ပေးခြင်းနှင့် ဆုကြေးငွေ ထောက်ပံ့ခြင်းအခမ်းအနား တက်ရောက်
Jun 09,2026
AA နှင့် PDF အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသူများအား အလင်းဝင်ကတ် ထုတ်ပေးခြင်းနှင့် ဆုကြေးငွေ ထောက်ပံ့ခြင်း အခမ်းအနားကို ဇွန် ၈ ရက် နံနက်ပိုင်းက စစ်တွေတပ်နယ်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ကမာရွတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တစ်ပင်လဲကျကာ လမ်းတစ်ဖက်ခြမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီခန့်က လေပြင်းများတိုက်ခတ်မှုကြောင့် အင်းယားလမ်း (တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းမီးပွိုင့်အနီး) ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှ လုံးပတ်(၂)ပေ အရှည်‌(၃၅)ပေခန့်ရှိ မဒမပင် လဲကျရာမှ လမ်းတစ်ဖက်ခြမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
ရေတာရှည်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပန်းချီဆွဲပြိုင်ပွဲ ပြုလုပ်
Jun 09,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 09,2026
ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျူဟာစီမံကိန်း ၂၀၂၅-၂၀၂၉ ၏ ရည်မှန်းချက်ပန်းတိုင် ၄ အရ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုအတွက် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဟူသည့် ရည်မှန်းချက်နှင့်အညီ စစ်ကိုင်းမြို့နယ် ဥပဒေရုံးမှကြီးမှူး၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပတ္တမြားရပ်ကွက် စစ်ကိုင်းစက်မှုဇုန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေစာရံဆရာတော် ဘဒ္ဒန္တ ခေမိန္ဒအား ဂုဏဝိသိဋ္ဌပူဇာ ထပ်ဆင့်ဂုဏ်ပြုပူဇော်
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် (၁၀/တောင်) ၁၃ ရပ်ကွက်၊ သန်လျင်တံတားအိမ်ယာဝင်း၊ ၇ စျေးလမ်း၊ လမ်းသွယ်(၃)ရှိ ရွှေစာရံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက သာကေတမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် သာသနဓဇ ဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တခေမိန္ဒ မထေရ်မြတ်အား ဇွန် ၇ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းတိုက်၌ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဆင်ယင်ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်၌ မော်‌တော်ယာဉ်များစစ်‌ဆေးခြင်းအား စဉ်ဆက်မပျက်ဆောင်ရွက်
Jun 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးခြင်း၊ psms ဖြင့် ပြေး (၄) ဖမ်းဆီးရမိရေးဆောင်ရွက်ခြင်းကို နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် လိုင်စင်မဲ့မော်‌တော်ယဉ်များ စစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်း စည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။