သတင်းများ

ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်းစီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းပိုင်းက ကျောင်းအားကစားဘောလုံးပြိုင်ပွဲ ကွင်းအတွင်းကျင်းပပြုလုပ်သည်။
ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲ မြန်အောင်ခရိုင်တွင်ကျင်းပ
Aug 11,2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁၃) စက်မှုလယ်ယာစခန်းမြန်အောင်၌ ယနေ့နံနက်က ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Aug 11,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့မဈေးကြီးတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 11,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက အမှတ် (၄) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ဆောင်ရွက်ခဲ့သည်။
မိုင်းခတ်၌ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ငွေလုံးငွေရင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 11,2025
မိုင်းခတ် သြဂုတ် ၁၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပထမ (၆) လပတ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ငွေလုံးငွေရင်းလုပ်ငန်း(၃)ခုအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ 
အ.ထ.က(တောင်ဇင်း)ကျောင်း၌ သဘာဝဘေး‌အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 11,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ တောင်ဇင်းကျေးရွာရှိ အ.ထ.က(တောင်ဇင်း)ကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြုလုပ်ခဲ့‌သည်။
ချောင်းဆုံမြို့နယ်၌ မိုးစပါး(၆၄၁၄၃)ဧက စိုက်ပျိုးပြီးစီး
Aug 11,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများစာရေးရိက္ခာဖူလုံစေရေးနှင့် တောင်သူများ ထုတ်ကုန်ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးဧက (၆၅၃၀၉)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ တောင်သူများ လုပ်ငန်းခွင်စတင်ချိန်မှစ၍ ဩဂုတ်(၈)ရက်နေ့အထိ မြို့နယ်အတွင်း မိုးစပါး(၆၄၁၄၃)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး (၉၈.၂၁)ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၃၄) အ.ထ.က တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 11,2025
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယနေ့နံနက် (၁၀:၃၀) နာရီက အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်း နန်းကေသီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။