သတင်းများ

တွံတေးမြို့နယ်၌ တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းကုသပေးခြင်း ဆောင်ရွက်
May 18,2025
တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် အဖွဲ့သည် အလံအုပ်ကျေးရွာကျိုက်ဖူးကျိုက်ပါကျောင်းတိုက်တွင် ပြုလုပ်သော (၇)ရက်တရားစခန်းသို့ သွားရောက်၍ သံဃာတော်၊ သီလရှင်နှင့် ယောဂီများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အလံအုပ်ကျေးရွာ ကျိုက်ဖူးကျိုက်ပါကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
May 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား ရပ်ကွက်ပေါင်းစုံအသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ကြံခင်းမြို့၌ အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း သင်ကြားပို့ချ
May 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် လုပ်သက်(၁၀)နှစ်အောက် ဆရာ၊ ဆရာမများအား ဘာာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီက စတင်၍ သင်ကြားပို့ချပေးလျက်ရှိသည်။
ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံ၌ အအေးမိနှာစေးရောဂါ​အကြောင်း စာတမ်းဖတ်ပွဲပြုလုပ်
May 18,2025
တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ်(CTME) အအေးမိနှာစေးရောဂါ​အား ဆေးနံ့သာတုပ်ကွေး အဖျားပျောက်ဆေးဖြင့် ကုသခြင်းအားလေ့လာခြင်းစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်၊ ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့ အမှတ် (၅) ရပ်ကွက်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းရုံးရေးကိစ္စရပ်များအတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်သူများ တွေ့ဆုံ
May 18,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စည်းရုံးရေးကိစ္စရပ်များအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိရပ်ဖပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီခွဲ က အမှတ် (၅) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ အခြေခံ ချည်ထိုး/ပန်းထိုး သင်တန်းဖွင့်လှစ်
May 18,2025
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်ကစတင်ပြီး အခြေခံချည်ထိုး/ပန်းထိုးသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။