လှည်ကူးမြို့နယ် စာဘူးတောင်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦး၏ လမ်းညွှန်မှုအရ စာဘူးတောင်းကျေးရွာအတွင်းရှိ အ.မ.က(အင်ကြင်းကွင်း)ကျောင်းတွင် ရက်(၁၀၀)အတွင်း ဆောင်ရွက်ရမည့်အကျိုးပြုလုပ်ငန်းစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။