ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ငါးဆေးထိုး သားဖောက်သင်တန်းဖွင့်ပွဲနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Aug 11,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သည့် ငါးဆေးထိုး သားဖောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့နယ်တွင် ငါး၊ ပုစွန်မွေးမြူသည့် ၅၀၀၈ ဒသမ ၃၆ ဧကရှိပြီး ရေချိုအရင်းအမြစ်များလည်း ရှိသည့်အတွက် ရေချိုငါး၊ ပုစွန်များ မွေးမြူနိုင်ရန်အခွင့်အလမ်းများရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် လိုအပ်သည့် ရေချိုငါး သားပေါက်များ ထုတ်လုပ်နိုင်ရန် ယခုကဲ့သို့ ငါးဆေးထိုးသားဖောက်သင်တန်းများကို ငါးလုပ်ငန်း ဦးစီးဌာနအပြင် အများပြည်သူများပါ တတ်သိနားလည် ထုတ်လုပ်လာနိုင်ရန် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။