မဟာအောင်မြေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် အဘိတ် ဆေးခပ်ခြင်းများဆောင်ရွက်

မဟာအောင်မြေ ဇွန် ၈

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊စစ် ဆောင်ရွက်ခြင်းနှင့်ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်သည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဆရာကြီး ဒေါက်တာ မြင့်မိုရ်စိုး၊ မန္တလေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းနွယ်၊ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စည်သူကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မဟာအောင်မြေမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်ဇော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မဟာလူမှုကူညီရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသော ရပ်ကွက်နေပြည်သူ အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၇၀ စုစုပေါင်း ၁၂၅  ဦးအား ပြည့်သူကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ မြင့်မိုရ်စိုးက ကျန်းမာရေးအသိပညာပေးဟောပြောပြီး ပြည်သူများအား  ​ဆေးခြင်ထောင်များပေးဝေခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ဇော်ဇော်အောင် နှင့်ကျန်းမာရေးဝန်ထမ်းများမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနှင့် ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ခြင်လောက်လန်းသေဆေး အဘိတ်(abate) ဆေးခပ်ခြင်းနှင့် မဟာလူမှုကူညီရေးအသင်းမှ တစ်အိမ်တက်ဆင်းခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အောင်ဇော်မင်း