သတင်းများ

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Emotional Intelligence in Managers အကြောင်း ဆွေးနွေးပွဲပြုလုပ်
May 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး Emotional Intelligence in Managers အကြောင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
May 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ တောင်သူများစပါးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နွေစပါးစိုက်ဧကများ အချိန်မီရိတ်သိမ်းနိုင်ရေးနှင့် မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးရည်ရွယ်၍ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်တီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုများနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းရှင်များ၏ ညှိနှိုင်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုအခြေအနေများအား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေး
May 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုများဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုအခြေအနေများအား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်
May 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် Abate ဆေးခတ်ခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၌ မိုးစပါးဧက (၁၀၈၀၇၂) ဧက စိုက်ပျိုးရန်လျာထား
May 26,2025
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုး အထွက်နှုန်းရရှိနိုင်အတွက် စိုက်ပျိုးရာသီအမှီကျေးရွာများမှ ဒေသခံတောင်သူများ ကြိုတင်ပြင်ဆင်လျက်ရှိကြသည်။ မိုးစပါးစိုက်ပျိုးခြင်းဟာ မြန်မာနိုင်ငံက တောင်သူတွေအတွက် စားနပ်ရိက္ခာဖူလုံမှုမှာ မိုးစပါးက မြန်မာနိုင်ငံရဲ့ အဓိကစားနပ်ရိက္ခာဖြစ်တာကြောင့် ကိုယ်တိုင်စားသုံးဖို့နဲ့ မိသားစုစားဝတ်နေရေးအတွက် လုံလောက်တဲ့ ဆန်စပါးကို ထုတ်လုပ်ပေးနိုင်ပြီး ပိုလျှံတဲ့ ဆန်စပါးကို ရောင်းချ၍လည်းဝင်ငွေလည်း ရရှိနိုင်ပါတယ်။
သံဖြူဇရပ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ​​ကျောင်းသား​၊ ကျောင်းသူများ​ ကျောင်းအပ်လက်ခံဆောင်ရွက်
May 26,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ​နေ့စဥ်နံနက် (၉) နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံ​ဆောင်ရွက်​ပေးလျက်ရှိရာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၂၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂) ကျောင်း စုစုပေါင်း (၁၃၂) ကျောင်းတို့တွင် ​မေ ၂၂ ရက်မှ ၂၆ ရက်​နေ့အထိ ကျောင်းသား၊ ကျောင်းသူစုစု​ပေါင်း(၂၅၁၁၄) ဦးကို ​ကျောင်းအပ်လက်ခံ​​ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သောက်သုံးရေဖူလုံစွာရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
May 26,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်‌မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ  ချောင်းမကြီး‌ရေလှောင်တမံသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော  မြေသားတမံအား စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှု၊ ရေဖိအား‌လျှော့တွင်းများ တူးဖော်နေမှုနှင့် ရေစစ်ကျောက်ရိုးထပ်ပိုးခြင်းလုပ်ငန်း‌ ဆောင်ရွက်‌နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရေရှည်ခိုင်ခံ့မှုရှိအောင် ပြုပြင်ရေး၊ မိုးရွာသွန်းမှုကြောင့် ထက်မံထိခိုက်မှုများ၊ အန္တရာယ်များမဖြစ်ပွားစေရေး အမြဲမပြတ် စောင့်ကြည့်ရန်နှင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရေး၊ ရေထုတ်ချောင်းများ၊ မြောင်းများအား ရေစီး၊ ရေလာ ကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်ထားရန်တို့အား မှာကြားခဲ့သည်။