သတင်းများ

ဒိုက်ဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ
May 10,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
ဟင်္သာတမြို့နယ်ရှိ ဈေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ လေ့ကျင့်ဆောင်ရွက်
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ပဒေသာဈေးနှင့် ဌေးဝင်းဈေးတို့တွင် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက် ၉ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ လက်တွေ့သရုပ်ပြ စုပေါင်းဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
ကမ်းလွန်ရေနံတွင်းများအတွက် ကမ်းလွန်အခြေစိုက်စခန်း တည်ဆောက်ခြင်းလုပ်ငန်းများ ရှင်းလင်း
May 10,2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် မြင့်အင်(န်) အဆိုစီရိတ်(စ်) ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းလိမိတက်မှ ကမ်းလွန်ရေနံတွင်းများအတွက် ကမ်းလွန်အခြေစိုက် စခန်းတည်ဆောက်ခြင်းလုပ်ငန်း ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို မေလ(၈)နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြင့်အင်(န်) အဆိုစီရိတ်(စ်)ကမ်းလွန် ဝန်ဆောင်မှုလုပ်ငန်းလိမိတက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
စေတုတ္တရာမြို့နယ်၌ “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲ” ကျင်းပ
May 10,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
‌ကျေးသီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 10,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆည်မြောင်းများအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့လွှတ်‌‌တော်ကိုယ်စားလှယ်‌ ဒေါ်နန်းတင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဦးသက်နောင်ဖြူနှင့် အဖွဲ့ဝင်များ ဝမ်ချင်ကျေးရွာ အုပ်စုချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည်‌ ဈေးရပ်ကွက်အ‌နောက်ဘက်ရှိ ပြုပြင်ရန်လိုအပ်သည့်‌ မော်နန်းဆည်ဝမ်ခုန့်ကျေးရွာအုပ်စု ကုန်း‌ညောင်းကျေးရွာ နမ့်ဟွမ်းဆည်၊ နားလွယ်‌ကျေးရွာအုပ်စုနမ့်ဟင်‌ချောင်းပေါ်ရှိ နားလွယ်ဆည်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်၊၊
ငပုတောမြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
May 10,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆင်းရဲမှုလျော့ချရေးနှင့် လူထုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းကျေးရွာများအား မေ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံ(ငွေစုငွေချေး) သမဝါယမအသင်းလီမိတက်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
May 10,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံ(ငွေစုငွေချေး) သမဝါယမအသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်
May 10,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအုပ်စု တောင်ဘကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွားများတွင် အဖြစ်များတတ်သော ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြေခံမွေးမြူရေးသင်တန်းကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။