သတင်းများ

ပုဂံမြို့ဟောင်း ကျန်စစ်မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာမြတ်စွာဘုရားကြီးတိုက်မပေါ်ရှိ အရန်စေတီလေးဆူအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းစတင်
May 10,2026
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ကျန်စစ်မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီး တိုက်မပေါ်ထပ်ရှိ စေတီအရန်လေးဆူ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို မေ ၉ ရက်၊ယမန်နေ့ နံနက် ၁၁ နာရီက ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ အရန်စေတီလေးဆူလုံးတော်ပြည့် ရွှေသင်္ကန်းစတင်ကပ်လှူပူဇော်ခဲ့ကြောင်းသိရသည်။
အုတ်ဖိုမြို့နယ် ဆိုလာရေတင်စနစ်ဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထားမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
May 10,2026
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဆင်ဂေါင်းကျေးရွာအုပ်စု၊ အညာတန်းကျေးရွာတွင် ဆိုလာရေတင်စနစ်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဟင်းသီးဟင်းရွက်စိုက်ပျိုးထားရှိမှုအား ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုကာ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့်ပြည်နယ်အဆင့်တာဝန်ရှိသူများ လှိုင်းဘွဲမြို့နယ် ထီလုံစံပြကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် တိုက်နယ်ဆေးရုံပြန်လည်ပြုပြင်ရေးအတွက် ကြည့်ရှုစစ်ဆေး
May 10,2026
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ထီလုံစံပြကျေးရွာရှိ  ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ကြမ်းခင်းများ ဟောင်းနွမ်းဆွေးမြေ့မှုနှင့် မူလတန်းကြိုကျောင်းတက်ရောက်မည့် ကလေးငယ်များလာမည့် ကျောင်းဖွင့်ရာသီ၌ ပိုမိုတတ်ရောက်နိုင်စေရေးအတွက်လိုအပ်သည့် အဆောက်အဦပြင်ဆင်သွားနိုင်ရေးအတွက် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်၊  ပြည်နယ်  လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစာမွေ့နှင့်တာဝန်ရှိသူများက ယမန်နေ့နနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားကျင်းပ
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက  ဝဲဒေါင့်ကျေးရွာ ကွင်းအမှတ် (၁၁၆၈-ခ)၊ ဦးပိုင်အမှတ်(၁၀/၉)ရှိ တောင်သူဦး မြင့်ဇော်၏ လယ်မြေ ( ၃ ) ဧကတွင် ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မီးဘေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြသခြင်းဆောင်ရွက်
May 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု / မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် (၂၇) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ပင်လုံအိမ်ယာ အပိုင်း (၄)၊ အမှတ် (၃၉ / A)၊ PAHTAMA GROUP Co.,Ltd တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို မေ ၈ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ သက်တန့်ရောင်စီမံကိန်းဖြင့် မျိုး၊ မြေဩဇာသွင်းအားစုများ ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 10,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ရက် (၁၀၀) စီမံချက် ကာလအတွင်း ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး တောင်သူများ ဝင်ငွေပိုမိုတိုးတက်ရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမဦးစီးဌာနမှ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားဘဝမြှင့်တင်ရေး (သက်သန့်ရောင်) စီမံကိန်းမျိုး၊ မြေဩဇာသွင်းအားစုများ ထောက်ပံ့ပေးခြင်း လုပ်ငန်းအတွက် မိုးစပါး၊ ဝါ စိုက်ပျိုးမည့်ဥာဏ်တော်အင်း၊ လွန်ချီ၊ မွှန်းညောင်ပင်သာ၊ ဝါးရှိ၊ မကြီးစမ်း၊ ကုက္ကိုစမ်း၊ ကျေးရွာ (၆)ရွာရှိ အသင်းအမှုဆောင်များနှင့် အသင်းသားများအား (၇-၅-၂၆) ရက်နေ့မှ (၉-၅-၂၆) ရက်နေ့အထိ ရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
May 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဟေမာန်ကျော်ဝင်း၏ ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူးနှင့် ဒုလက်ထာက်ဦးစီးမှူးတို့မှ တောင်သူများအား အသိပညာပေးဆွေးနွေးပွဲကို မေလ (၇) ရက်၊ (၈) ရက်နေ့တွင် လပွတ္တလုပ်ကြီးကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ ကြပ်စဥ်ချောင်း ကျေးရွာတို့တွင်လည်းကောင်း ယမန်နေ့ နံနက်ပိုင်းက ထီယာလီကျေးရွာ၊ ကျွဲခြံရေကျော်ကျေးရွာတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မုံရွာခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၆) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ
May 10,2026
မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)၏ (၁၀၆) ကြိမ်မြောက် စာဖတ်ဝိုင်း အခမ်းအနားကို ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီ အချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဧပြီလထုတ် ဇေယျာစာပေဘဏ်တိုက် မဂ္ဂဇင်းအမှတ်(၇)ဖြင့် ကျင်းပသည်။