ငပုတောမြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ငပုတော မေ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆင်းရဲမှုလျော့ချရေးနှင့် လူထုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းကျေးရွာများအား မေ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်က ၂၀၂၅ - ၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာတွင် အဓိကအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပတ်သက်၍ အားနည်းချက်၊ အားသာချက်များနှင့် သုံးသပ်ဆွေးနွေးပွဲတွင် ဆွေးနွေးရမည့် ခေါင်းစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် အခမ်းအနား ပထမပိုင်းအား ပြီးမြောက်ခဲ့သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ပြုလုပ်ရာ မြစိမ်းရောင်စီမံကိန်းကျေးရွာအုပ်စုနှင့် မြို့နယ်မြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှု အားနည်းချက်များ၊ အားသာချက်များ၊  လက်စွဲစာ‌စောင်ပြင်ဆင်ရမည့် / ထပ်မံထည့်သွင်းသင့်သည့် အချက်များအား အသီးသီးအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)